သက္ကရ ဓမ္မရက္ခိတကျောင်းတိုက် ဘန့်ဘွေးရွာမ
Would you like to react to this message? Create an account in a few clicks or log in to continue.
Search
 
 

Display results as :
 


Rechercher Advanced Search

Keywords

group  policy  

September 2024
MonTueWedThuFriSatSun
      1
2345678
9101112131415
16171819202122
23242526272829
30      

Calendar Calendar

Affiliates

free forum

Forumotion on Facebook Forumotion on Twitter Forumotion on YouTube Forumotion on Google+


(၆) VIRUS အမျိုးမျိုးသတ်နည်းအကြောင်း

Go down

(၆) VIRUS  အမျိုးမျိုးသတ်နည်းအကြောင်း  Empty (၆) VIRUS အမျိုးမျိုးသတ်နည်းအကြောင်း

Post  Admin Thu Jan 15, 2015 6:00 am



SVCHOST.EXE သတ်နည်း


SVCHOST.EXE က Flash Drive များမှတဆင့် မိမိကွန်ပျူတာဆီသို့အချိန် မရွေးရောက်နိုင်

ပါတယ်..သူတိုက်ခိုက်ခြင်းခံရရင် Signature တွေအနေနဲ့ ဒီလိုပြလေ့ရှိပါတယ်..
ကွန်ပျူတာစဖွင့်လိုက်တာနဲ့..

1. အဲဒီအချိန်က သုံးခဲ့တဲ့ Flash Drive ကိုပြန်တောင်းနေတတ်ပါတယ်..
2. Windows Directory ကိုမခေါ်ပဲနဲ့ တက်လာပါတယ်..

ဒါဆိုရင်တော့ SVCHOST.EXE ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရပြီလို့ မှတ်ယူနိုင်ပါတယ်..

တကယ်တော့ SVCHOST ဆိုတာ ကျွန်တော်တို့ရဲ့ System ထဲမှာအမှန်တကယ်အလုပ် လုပ်နေတဲ့ File ပါ..
ခုပြောတဲ့ SVCHOST.EXE ကတော့ သူလို့ထင်ယောင်ထင်မှားဖြစ်အောင် ပုံမှားရိုက်တာပေါ့..Process ထဲကနေ သူ့ကို Kill မယ်ဆို အမှန်တကယ်အလုပ်လုပ်နေတဲ့ System File နဲ့မှားယွင်းတတ်ပါတယ်..
အချို့ကတော့ သူ့ကို Process ကနေ Kill လိုက်ပေမယ့် ကွန်ပျူတာပြန်ဖွင့်လိုက်တာနဲ့ သူကပြန်တက်လာပါတယ်..Antivirus ကလည်းသူ့ကိုရှာ မတွေ့နိုင်ပါဘူး.. ဘာကြောင့်လဲဆိုတော့ သူက System File ယောင်ဆောင်ထားလို့ပါ ။

အကယ်လို့များ မိမိကွန်ပျူတာမှာ ၀င်နေရင်......

အောက်ကအဆင့်လေးတွေတဆင့်ချင်းလုပ်ကြည့်ပါ.....


1. Task Manager ခေါ်ပြီး Process Tab အောက်က svchost.exe ကို End Process
လုပ်လိုက်ပါ... svchost.exe တွေကတော့အများကြီးဖြစ်နေပြီ.. ဘယ်တစ်ခုကို End
ရမှန်းမသိဖြစ်နေကြပြီထင်ပါရဲ့.. လွယ်ပါတယ်.. ကျွန်တော်တို့ ကွန်ပျူတာထဲကို
ဘယ် User Name နဲ့ဝင်သလဲဆိုတာအရင်ဆန်းစစ်ကြည့်ဖို့တော့လိုပါတယ်..
မိမိဝင်ထားတဲ့ User Name အောက်မှာ run နေတဲ့ svchost.exe ကို End Process
လုပ်ရမှာပါ... မိမိဘယ် User Name မှာဝင်နေသလဲဆိုတာ Task Manager Windows
ရဲ့ User ဆိုတဲ့ Tab အောက်မှာ ကြည့်နိုင်ပါတယ်..

2. Run Command (Windows+R) ကိုခေါ်ပြီး Restore လို့ ရိုက်ထည့်ပြီး Enter
နှိပ်လိုက်ပါ.. ပြီးရင်

Tool>Folder Options ကိုသွားပါ...

ပြီးရင် View Tab အောက်မှာ Show Hidden Files & Folders ကို Check လုပ်ပါ..

နောက်တဆင့်အနေနဲ့ Hide Protected Operating Files System ကို Uncheck လုပ်ပေးပါ..
Operating Files System ကိုဖော်မှာဖြစ်တဲ့အတွက်ကြောင့် သူကအတည်ပြုချက်တောင်း ပါလိမ့်မယ် Yes ကိုနှိပ်ပါ.
အဲဒီအခါ Restore Folder အောက်မှာ svchost ဆိုတဲ့ Fileရယ်၊ Data ဆိုတဲ့ Folder လေးရယ် မှိန်မှိန်လေးပေါ်လာပါလိမ့်မယ်..
ရဲရဲသာဖျက်လိုက်ပါ.. Shift+Del နဲ့နော်.. သင့်ရဲ့ စက်ကိုဒုက္ခပေးနေတာ အဲဒီကောင်ပေါ့..


3. နောက်ဆုံးအဆင့်အနေနဲ့ Run Command ကိုခေါ်ပြီး msconfig ကိုရိုက်ထည့်ပါ.. Enter နှိပ်ပါ။startup Tab ကိုသွားပါ.. အဲဒီအောက်မှာလည်း svchost ဆိုတာရှိနေပါလိမ့်မယ်..
Uncheck လုပ်ပေးပါ.. သူက သင့်ကွန်ပျူတာဖွင့်တိုင်း svchost အလုပ်လုပ်နေအောင် အဲဒီကနေခိုင်နေတာပါ.. ပြီးရင် OK နှိပ်ပါ.. Restartပြုလုပ်ပေးဖို့လိုကြောင်းပြောပါလိမ့်မယ်.. Restart ကိုနှိပ်ပါ..
စက်ပြန်တက်လာရင်အားလုံးအဆင်ပြေသွားပါလိမ့်မယ်..



Gtalk Virus


Gtalk virus ဆိုပြီး ခေတ်စားနေတဲ့ private cam အတွက် fix ရပါပြီ
ဒီနေရာမှာ ယူလိုက်ပါ။ ဒီ file ကို run ပြီးရင်တော့ task manager ထဲမှာ private cam နဲ့ စတဲ့ process တွေကို end task လုပ်ပြီး ဒီ file ကို ပြန် run လိုက်ပါ။
Folder တွေအောက်မှာ ပုန်းခိုနေတဲ့ .exe တွေကိုတော့ သင်ဖြတ်ပြစ်ဖို့လိုအပ်ပါလိမ့်မယ်။ ဒါပြင် regedit ထဲက [HKCU \Software \Microsoft \Windows\CurrentVersion \Run] ထဲမှာ ရှိနေတဲ့ မလိုအပ်တဲ့ file တွေကိုလဲ ဖျက်ပစ်ပါ။
msconfig ထဲက setup မှာလဲ မလိုအပ်တဲ့ file တွေကို uncheck (အမှန်ခြစ်ဖြုတ်) ပြုလုပ်ပေးပါ။ သင့် computer ကို restart ပြုလုပ်လိုက်ပါ။


Kill Autorun Virus


Folder Option ထဲက View မှာ Show Hidden files and folders ကို Tip လုပ်ပါ။ Hide extension for known file type နဲ့ Hideprotected operating system file ကို tip ဖြုတ်ပါ။
ပြီးရင် တော့ Hard Driveထဲက Autorun.inf နဲ့ Virus file ကိုဖျက်ပစ်ပါ။  ဖျက်လို့မရရင် ကွန်ပျူတာ အောက် bar ကို Right Click ခေါက်ပြီး  Task Manager ထဲက process မှာ run နေတဲ့ Virus file ကို kill process လုပ်လိုက်ပါ။
Computer ကို restart လုပ်လိုက်ပါ။ ရှင်းသွားပါပြီ။

Virus အမျိုးအစားခွဲခြားခြင်း..

၁။ Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..
လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊
user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်..

ဒါပေမယ့် Virus အများစုဟာ executable file တွေဖြစ်ကြပါတယ်...

ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး...
ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါ ၀င်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ...Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...
forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာ တွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့...

၂။ Malware

Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ..
အဲဒီ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..
Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်..

၃။ Worm

worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ရပါတယ်...
သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူ့ဘာသာသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်...
သူ့ဘာသာသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်...အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊
Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်...
Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်..
လူသိများတဲ့ worm ကတော့ Blaster Worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်..
Blaster worm က windows စတက်တာနဲ့ Registry ကီး HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊
msblast.exe ဆိုတာက တော့ နာမည်တူပေးထားတာပေါ့
Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..

၎။ Trojan Horse

Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်..
ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်...
(ဥပမာ)... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်..
အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့..
နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)


၅။ Spyware

သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ.. သူလဲအဲလိုပါပဲ...သူက ကွန်ပျူတာကို ထိခိုက် ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်..
ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီး တဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်...
Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..
(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာ မယ် စသဖြင့်ပေါ့ဗျာ...
တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး
ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ.
Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ်...

၆။ Adware

Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်....
သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်...

၇။ Crimeware

Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..
သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်...

Funny Virus သတ်နည်း

Funny ၀င်ပြီဆိုရင် Safe Mode ကနေလဲ ၀င်သတ်လို့ မရတော့ပါဘူး... Safe Mode မှာပါ Funny က Active ဖြစ်ပါတယ်....

အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းကို ပြောပြပါ့မယ်....

Funny က msiexec ဆိုတဲ့ Folder အဖြစ် စက်ထဲမှာ နေရာယူပါတယ်... Folder ထဲမှာတော့ msi.exe + update.exe ဖိုင် နှစ်ဖိုင် ရှိပါတယ်...

Funny ၀င်ဝင်ချင်းမှာ
C:\Documents and Settings\Administrator\Application Data
C:\Documents and Settings\LocalService\Application Data
အဲ့ဒီ့နှစ်နေရာမှာ အရင်ဆုံး နေရာယူပါတယ်...
ပြီးတော့ Autorun.inf ဖိုင်နဲ့လဲ ထောက်ပံ့ပေးထားပါတယ်... Autorun.inf က update.exe ကို ထောက်ပံ့တာပါ...

နောက်တစ်ခုအနေနဲ့
kill.exe ဖိုင်တစ်ဖိုင်က c:\Windows\system32\DirectX ထဲမှာ ရှိပြန်ပါတယ်....

ကဲ... နေရာတွေ လဲသိပြီ....

Boot CD တစ်ချပ်နဲ့ Boot တက်ပါ... Search >> msiexec ကိုရှာ Folder ကို Del လုပ်..
kill.exe ကို Del လုပ်..

autorun.inf ကို Del..လုပ်
မျိုးပြုတ်ပေါ့ funny ရေ....

တစ်ခုတော့ သတိပေးချင်ပါတယ်.. Funny ၀င်တာ ကြာနေတဲ့စက်...
မိန်းကလေးပုံပေါ်ပြီးတဲ့ စက်တွေအတွက်တော့ Dll ဖိုင်တွေ ပျက်သွားပါပြီ... Dll
icon ပုံစံနဲ့ စက်ထဲမှာ exe ဖိုင်တွေ ပွားပါတယ်... C:\ အောက်မှာ ရှိသော
Folder တွေ အကုန်လုံးကို Hidden လုပ်ပစ်ပါတယ်..

ကဲ သိနေပြီဆိုတော့ Boot CD ရဲ့ အသုံးဝင်ပုံကို လက်တွေ အသုံးချကြတာပေါ့ဗျာ....

Desktop ပေါ်က Funny Folder အတွက်တော့

Desktop properties >>> Desktop >>> Customize >>>Clean Desktop Now
ကို နှိပ်.. Funny ကိုရွေး... ပြီးရင်...Unuse Desktop ဖိုဒါကို Del လုပ်လိုက်...

Funny အချိန်ကြာလာတာနဲ့အမျှ နေရာယူမှု ပိုမို များပြားလာပါက
Desktop, Mycompter ထဲက Funny (Folder)ကို Register Editor ထဲ က ဖျက်ချင်ရင်

HKEY_CLASSES_ROOT\CLSID\{FD4DF9E0-E3DE-11CE-BFCF-ABCD1DE12345}

ကိုဖျက်လိုက်ပါ။

Admin
Admin

Posts : 111
Join date : 2011-09-01
Age : 30
Location : BANTBWE

https://caraka.forumotion.com

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum