သက္ကရ ဓမ္မရက္ခိတကျောင်းတိုက် ဘန့်ဘွေးရွာမ
Would you like to react to this message? Create an account in a few clicks or log in to continue.
Search
 
 

Display results as :
 


Rechercher Advanced Search

Keywords

group  policy  

November 2024
MonTueWedThuFriSatSun
    123
45678910
11121314151617
18192021222324
252627282930 

Calendar Calendar

Affiliates

free forum

Forumotion on Facebook Forumotion on Twitter Forumotion on YouTube Forumotion on Google+


တမာနံ့ကလေး မပျောက်သေး (မောင်တင်မိုး)

Go down

တမာနံ့ကလေး မပျောက်သေး (မောင်တင်မိုး) Empty တမာနံ့ကလေး မပျောက်သေး (မောင်တင်မိုး)

Post  Admin Sun Jan 25, 2015 2:18 am



တမာနံ့ကလေး၊ မပျောက်သေးခင်
အညာကျေးကို ရောက်ခဲ့တယ်။

ထနောင်းကမြူး၊ ပြောင်းကဖူးတော့
ပေါင်းကူးတံတား၊ လူစည်ကားလို့
ဈေးသွားဈေးပြန် ညံခဲ့တယ်။

ရေခပ်လမ်းမှာ
ထမ်းလိုက်ရွက်လိုက်၊ ရေအိုးပိုက်လျက်
ဆံကိုက်မြိတ်ချ၊ အပျိုမတို့
နဂိုကလို လှတုန်းကွယ်။

ကုက္ကိုခွတွင်၊ ပြောင်းရိုးတင်လျက်
တစင်တထုံး၊ စဉ်မဆုံးအောင်
အုန်းအုန်းညံညံ စဉ်ခဲ့တယ်။

ရွာဦးဇရပ်၊ အနီးကပ်၌
နှီးသတ် ဖျာယက်၊ တဲအိုပျက်မှာ
လက်ဖက်ရည်ဝိုင်း၊ အကြော်ဝိုင်းလည်း
ခါတိုင်းလိုပင် ရှိသေးတယ်။

ချက်ပလက်ခေါင်းတို၊ ကားအို ကားပျက်
ဖုတ်ချက်ချက်နဲ့၊ ခေတ်ပျက်က ကား
ခေတ်တွေခြားလည်း
နွားလှည်းလမ်းကြောင်း၊ ဖုံထောင်းထောင်းနှင့်
မောင်းတုန်း စီးတုန်း၊ ကုန်တင်တုန်းမို့
အသုံးခုထိ ဝင်သေးတယ်။

ထွေလာဆိုလား၊ သမကားက
ချောက်ကြားမြောင်ကြား၊ လူးလိမ့်သွားရင်း
ကားသမားမူး၊ စီးသူမူးနှင့်
ဖုံအလူးလူး၊ မကြုံဖူးအောင်
ရပ်ကူးရွာကူး ဖြောင့်ခဲ့တယ်။

နှမ်းခင်း ပဲခင်း၊ ကြက်သွန်ခင်းနှင့်
မောင်းနင်းရေလောင်း၊ သဲဖြူချောင်းမှာ
ဆောင်းသီးနှံလည်း စိုက်ခဲ့တယ်။

ခေတ်တွေပြောင်းလည်း
မပြောင်းအသွင်၊ ထနောင်းပင်နှင့်
ကျောင်းအဝင်လမ်း၊ တမာတန်းက
လွမ်းပန်းကြွေဆဲ ဝေဆဲကွယ်။ ။

Admin
Admin

Posts : 111
Join date : 2011-09-01
Age : 30
Location : BANTBWE

https://caraka.forumotion.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum