ချစ်မိခင် (မောင်တင်မိုး)
Page 1 of 1
ချစ်မိခင် (မောင်တင်မိုး)
ကျွန်ုပ်ပင်လျှင်၊ သင် မိခင်တည့်
မိခင်မှ ဖွား၊ ရင်နှစ်သားကို
မပြား ယုယ ချစ်တတ်၏။
မိခင့်ရင်ဝယ်၊ မစင်ကြယ်သော
သွေးခြယ်သူလည်း ရှိဖူး၏။
မိခင်ရင်ဖောက်၊ သွေးကို သောက်၍
မော်မောက်သူလည်း ရှိဖူး၏။
မိခင့် ရင်ဦး၊ အိပ်စက် မြူး၍
စိတ်ကူးယဉ်သူ ရှိသေး၏။
မိခင် ညှိုးကျ၊ သွေးစက်ကျစဉ်
ကျသည့်သွေးစက်၊ ဦးပန်ရွက်လျက်
သက်စွန့် သားလည်း ရှိသေး၏။
မိခင် အနား၊ တဖဝါးမျှ
မခြား မခွာ၊ လိုရာရာကို
ဖွေရှာပြုစု၊ သားပျိုနုလည်း
တစုတဝေး ရှိသေး၏။
မိခင့်တွက်တာ၊ စဉ်းလဲညာ၍
ခွင့်သာစီးသူ ကြုံဖူး၏။
အမေ့သားတို့ ...
ကစားစရာ၊ အမေသာတည့်၊
အားကိုးစရာ၊ အမေသာတည့်၊
လိမ်ညာစရာ၊ အမေသာတည့်၊
တွယ်တာစရာ၊ အမေသာတည့်။
အမေ့သားများ၊ မိုက် အမှားကြောင့်
သည်းခါးသောဒဏ်၊ ကြိတ်မှိတ်ခံ၍
သွေးအန်ခဲ့ရဖူးလေပြီ။
သားမျိုးပေါင်း၏ ထုထောင်းဒဏ်ရာ
ကျင်ညှိုးညှာလည်း၊ ခိုင်မာအထိ
အသိ ရင့်ကျက်၊ တဆင့်တက်၍
အိမ်မက် မမက်တတ်ချေပြီ။
ခွင့်လွှတ် ကြင်နာ၊ မိမာတာငဲ့၊
သင့် နာမည်ကို မေ့မိတကား။
အမိုက်ခေါင်သွေး၊ သားကလေးငဲ့...
မွေးမေ ချိုသာ၊ 'လူထု' ပါကွယ်
လိုခါ တမ်းတပါဦးလော့.... ။ ။
Similar topics
» “မိခင် အဖြစ်” (မောင်တင်မိုး)
» “မိဆင်းရဲ” ( မောင်တင်မိုး )
» “ရပ်ရိပ် ရွာရိပ်” ( မောင်တင်မိုး)
» တမာနံ့ကလေး မပျောက်သေး (မောင်တင်မိုး)
» “မိဆင်းရဲ” ( မောင်တင်မိုး )
» “ရပ်ရိပ် ရွာရိပ်” ( မောင်တင်မိုး)
» တမာနံ့ကလေး မပျောက်သေး (မောင်တင်မိုး)
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum
|
|
Mon Jan 26, 2015 3:55 am by Admin
» ပဋ္ဌာန်း ၂၄-ပစ္စည်း အကျဉ်း
Mon Jan 26, 2015 3:51 am by Admin
» ပါရမီဆယ်ပါးအကြောင်း
Mon Jan 26, 2015 3:43 am by Admin
» " ၃၈ ဖြာ မင်္ဂလာများ ”
Mon Jan 26, 2015 3:35 am by Admin
» ဗိုလ်ချုပ်ဘာသာပြန်ထားတဲ့ “အနိုင်မခံ”
Mon Jan 26, 2015 1:15 am by Admin
» Richard St. John ပြောတဲ့ “ 8 to be Great”
Mon Jan 26, 2015 12:53 am by Admin
» ANYWAY (Mother Teresa) မည်သို့ပင်ဖြစ်စေ ( ဦးဇောတိက)
Mon Jan 26, 2015 12:38 am by Admin
» ဆရာတော် ဦးဇောတိက
Sun Jan 25, 2015 5:43 am by Admin
» အောင်မြင်မှုအတွက် A to Z
Sun Jan 25, 2015 5:36 am by Admin